မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မအူရဲကင်းစခန်းကို People Defense Force Yesagyo နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ နေ့လယ် ( ၂ ) နာရီဝန်းကျင်တွင် တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့၏ ရဲအားလုံးထွက်ပြေးသွားသည့်စခန်းကို သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
စခန်းအား တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့၏ ရဲအားလုံး ထွက်ပြေးသွားသဖြင့် မဟာမိတ်နှစ်ဖွဲ့က စခန်းအတွင်းရှိ လက်တော့ ( ၁)လုံး၊ ဆိုင်ကယ်( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ထားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေကြောင်း သိရသည်။