အင်းတော်ဒေသအတွင်း KIA နှင့် PDF ပူးပေါင်းအဖွဲ့က အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်

အင်းတော်ဒေသအတွင်း KIA နှင့် PDF ပူးပေါင်းအဖွဲ့က အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်
ဇန်နဝါရီ 27, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ တွင်းငယ်ဘက်မှ မိုးညှင်းသို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်၏ ထောက်ပို့ယာဥ်တန်းအစီး (၃၀)ကို KIA နှင့် PDF တို့ ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က  ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း အင်းတော် PDF က သတင်းထုတ်ပြန်လာသည်။

ထောက်ပို့ယာဥ်တန်းကို အင်းတော်မြို့နယ်အတွင်းရှိ အင်းတော် - မဲဇာကြား(၁)နေရာ၊ အင်းတော် - မော်လူးကြား(၂)နေရာ စုစု  ပေါင်း (၃) နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော် - မော်လူးကြား (၂)နေရာတွင် KIA+ I.PDF ပူပေါင်းတပ်ဖွဲများမှ ပထမဆုံးအကြိမ် RPG အပါအဝင် အခြား လက်နက် ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ် မိုင်း(၅)လုံးဆွဲကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။