တောင်ငူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းကို ပဲခူးခရိုင် PDF က စောင့်ကြို တိုက်ခိုက်

တောင်ငူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းကို ပဲခူးခရိုင် PDF က စောင့်ကြို တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းသို့ ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၅၀)ဝန်းကျင်ပါသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် PDF က သတင်းထုတ်ပြန်လာသည်။

တောင်ငူ၊ ဆိတ်မြောင်ကျေးရွာအထက်နားတွင် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၃၅၀၁)တပ်ခွဲ(၁)မှ တပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦး သေကြောင်း သိရသည်။

ညနေ (၅)နာရီဝန်းကျင်တွင် ထပ်မံစစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းအား အသင့်စောင့်ဆိုင်းနေသည့် တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၁)မှ ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်ပြီး ထိခိုက်ကျဆုံးမှုအများအပြားနှင့် ဆုတ်ခွါသွားခဲ့ကြောင်း နှင့် ပြောက်ကျားနည်းအသုံးပြုသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ကျဆုံးမှု မရှိခဲ့ဟု ထုတ်ပြန်ထားသည်။