အာဏာရှင်ဟောင်း နေဝင်း၏မြေး အေးနေဝင်း လေဆိပ်မှ ဝှီးချဲဖြင့် ထွက်သွားပြီး နောက်တစ်နေ့တွင် ဒူဘိုင်း ဟိုတယ်မှ ဗီဒီယိုတင်လာ

အာဏာရှင်ဟောင်း နေဝင်း၏မြေး အေးနေဝင်း လေဆိပ်မှ ဝှီးချဲဖြင့် ထွက်သွားပြီး နောက်တစ်နေ့တွင် ဒူဘိုင်း ဟိုတယ်မှ ဗီဒီယိုတင်လာ
နိုဝင်ဘာ 10, 2021 | အခြားဒေသများ

 အာဏာရှင်ဟောင်း နေဝင်း၏ မြေးဖြစ်သူ အေးနေဝင်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက် နေ့လယ်ပိုင်းတွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒူဘိုင်းမြို့သို့ ထွက်ခွာသွားချိန် လေဆိပ်၌ ဝှီးချဲဖြင့်ထွက်သွားသည်ကို တွေ့ခဲ့ရပြီး ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဒူဘိုင်းဟိုတယ်တွင် လမ်းပတ်လျှောက်နေသည့် ဗီဒီယိုဖိုင် တက်လာသည်ကို တွေ့ရသည်။

၁၉၆၂ ခုနှစ် မတ်လတွင် နိုင်ငံကို အာဏာသိမ်းပြီး နိုင်ငံအား ချွတ်ခြုံကျအောင် အုပ်ချုပ်သွားသည့် စစ်အာဏာရှင်ဟောင်း နေဝင်း၏မြေးဖြစ်သူက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတွင် အာဏာသိမ်းထားသည့် စစ်အာဏာရှင်လက်ထက်တွင် ၎င်းပိုင် Omni Focus  YBS 20 ယာဉ်တစ်စီးကို အောက်တိုဘာလ (၃၀) ရက်နေ့၌ မီးရှို့ခံရပြီး နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြည်ပသို့ ဝှီးချဲဖြင့် ထွက်သွားသည်ကို တွေ့ရခြင်းဖြစ်သည်။

အာဏာရှင်ဟောင်း နေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းဦးစီးသည့် Omni Focus General Services Public Co., ltd သည် ယာဉ်အစီးရေ ၅၀၀ ခန့်ဖြင့် YBS (Yangon Bus Service) ယာဉ်လိုင်း ၉ လိုင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလုပ်ကိုင်နေခြင်းဖြစ်သည်။

#TachileikNewsAgency