CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး

CDM မလုပ်သည့် စစ်ကောင်စီ၏ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးယူမှုများ အရှိန်မြှင့်မည်ဖြစ်ကြောင်း သတိပေး
ဖေဖော်ဝါရီ 6, 2022 | အခြားဒေသများ

အကြမ်းဖက် စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းများကို အဆင့်လိုက် အရေးမှုများ  အရှိန်မြှင့် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း Myingyan Twenty one Guerilla Force - MTGF က ယနေ့ ဖေဖော်ဝါရီလ(၆)ရက်တွင် ထုတ်ပြန် သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံ၍ အလုပ် လုပ်နေကြသော ဝန်ထမ်းများအား CDM ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက စည်းရုံးမှုပြုလုပ်လာခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သောကြောင့် လုံလောက်သော အချိန်အတိုင်းအတာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုကြောင့် Myingyan Twenty one Guerilla Force - MTGFက စတင်အရေးယူသည့် အနေဖြင့် မလှိုင်မြိုနယ်အတွင်းရှိ ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးအား ၎င်း၏နေအိမ်၌ပင် အရေးယူမှုလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို သစ္စာခံသည့် မည့်သူကိုဖြစ်စေ ၎င်းတို၏ နေအိမ်များအထိ သွားရောက်ပြီး အရေးယူနိုင်စွမ်းရှိသဖြင့် အမြန်ဆုံး ပြည်သူလူထုနှင့် ပူး ပေါင်းကြရန် သတိပေးထားသည်။