ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဆုတ်ခွားမှာကျေးရွာရှိ ခြေကုပ်စခန်းတစ်ခုကို KNU/KNLA က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်သည် နေ့လယ်ပိုင်း၌ အင်အား ၆၀ ဝန်းကျင်ဖြင့် အင်အားထပ်ဖြည့်လာကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်မှ အင်အား (၆၀) ဝန်းကျင်သည် နေ့လယ် (၂) နာရီခွဲဝန်းကျင်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကရာနီးဒေသဘက်သို့ အရပ်သားကား (၃) စီး၊ စစ်ကား (၁) စီးဖြင့် ထွက်ခွာသွားကြပြီး အဆိုပါယာဉ်တန်းမလာမီ Drone ဖြင့် ကြိုတင်ထောက်လှမ်းမှုများ ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားမှာကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကာလိခီး ခြေကုပ်စခန်းကို KNLA တပ်မဟာ (၆)မှ တပ်ဖွဲ့က နံနက် (၁၀)နာရီဝန်းကျင်တွင် တက်သိမ်းရာ BGF များက ပြန်လည်ခုခံခြင်းမရှိဘဲ ဆုတ်ခွာသွားကြကြောင်း သိရသည်။
အဆိုပါ ကာလိခီးစခန်းတွင် ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အာဏာသိမ်းစစ်ကောင်စီတပ် စခန်းချပြီးနောက် BGF တပ်ဖွဲ့ကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း နှင့် KNU နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ထောက်လှမ်းမှုများလည်း လုပ်နေကြောင်း သိရသည်။
ဆက်စပ်သတင်း
- ကော့ကရိတ် ကမိုင်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို နယ်ခြားစောင့်တပ်က အင်အား ထပ်ဖြည့်ပေးနေ
- အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်း ကော်သနော့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးကို ဖမ်းသွားပြီး ရွာသားများကို ပေါ်တာလိုက်ဆွဲနေ
- ခွေးသေပုပ်ရွာအနီး KNU နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်မှ (၂၀)ကျော် ဒဏ်ရာရ
- ကော့ကရိတ် ကမိုင်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို နယ်ခြားစောင့်တပ်က အင်အား ထပ်ဖြည့်ပေးနေ
- ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခြေကုပ်စခန်း သိမ်းပိုက်ခံထားရသည့် အာဏာသိမ်းစစ်တပ်က အင်အား ထပ်ဖြည့်နေ