မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာသိမ်းမှုမှာ နိုင်ငံတော်နှင့် တပ်မတော်၏သမိုင်းကို ညစ်နွမ်းစေသည့် ဆောင်ရွက်မှုဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့် တတိယအကြိမ် လွှတ်တော်ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တောင်းဆိုထားသည်။
Tachileik News Agency