ရန်ကုန်မြို့မှ စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများ ၂၂၂၂၂ အထွေထွေသပိတ်တွင် ပါဝင်

ရန်ကုန်မြို့မှ စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများ ၂၂၂၂၂ အထွေထွေသပိတ်တွင် ပါဝင်
ဖေဖော်ဝါရီ 22, 2021 | နိုင်ငံရေးသတင်းများ
By Tachileik NEws Agency

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် နိုင်ငံတဝန်းမှ ပြည်သူများ၏ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့၌ ၂၂၂၂၂ အထွေထွေသပိတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသည့် ရန်ကုန်မြို့လူထုက နေရာအနှံ့အပြား၌ ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်ပြီး လှည်းတန်း၌လည်း စုရပ်တစ်ခုအဖြစ် စုဝေးရောက်ရှိနေကြခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်သည့် (၂၂) ရက်မြောက်နေ့တွင် နိုင်ငံတစ်ဝန်းမှ စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများ၏ အထွေထွေသပိတ်အဖြစ် လုပ်ဆောင်လိုက်ရာ စစ်တပ်ကလည်း ရန်ကုန်မြို့ကို  နံနက် (၁)နာရီမှ နေ့လယ် (၁၂) နာရီအထိ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။