တာချီလိတ်မြို့ ဆန်ဆိုင်ဈေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ဆိုင်ကယ်များ မကြာခဏ ခိုးခံနေရ

နေ့ရော ညပါ ခိုးဆိုး လုယက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတဲ့ တာချီလိတ်မြို့မှာ ဆန်ဆိုင်းဈေးအနီးမှာ နံနက်ပိုင်း ဆိုင်ကယ်ခိုးခံရမှုတွေ ခဏခဏ ဖြစ်နေပါတယ်။

အခုမြင်တွေ့ရတဲ့ နေရာကတော့ ဆန်ဆိုင်းဈေးအနီး နံနက်ပိုင်း ဈေးရောင်းနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးမှာဖြစ်ပြီး ဒီဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက် (၇)နာရီ (၅)မိနစ်အချိန်က ဖြစ်ပါတယ်။

Tachileik News Agency က ရရှိထားတဲ့ CCTV မှတ်တမ်းအရ ဆိုင်ကယ်ခိုးရန်အတွက် ကြံစည်နေတဲ့ အမျိုးသား(၂)ဦးဟာ ခိုးယူမဲ့ ဆိုင်ကယ် နဲ့ လူအခြေအနေကို (၇)မိနစ်ကြာ စောင့်ဆိုင်းကြည့်ပြီးမှ ခိုးယူသွားတာကို တွေ့ရပါတယ်။

နံနက်ပိုင်းမှာ ဈေးလာဝယ်တဲ့ လူတွေရဲ့ ဆိုင်ကယ်တွေ မကြာခဏ အခုလို ခိုးခံရမှုတွေဖြစ်ပေမဲ့လည်း သက်ဆိုင်ရာကို CCTV နဲ့တကွ ပေးပို့ တိုင်ကြားပေမဲ့လည်း ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားတဲ့ မတ်လ(၁၂)ရက်နေ့ရဲ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်တုန်းကလည်း ရန်အောင်မြေရပ်ကွက် ပါလျှံ(၂)ထဲမှာ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

 

တာချီလိတ်မြို့မှာ နေ့ရော ညပါ ခိုးဆိုးလုယက်မှုနဲ့ ဓါးပြတိုက်မှုတွေအပြင် ပြန်ပေးဆွဲမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာများကတော့ မဆိုင်သလို နေဆဲဖြစ်ပါတယ်။