စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး အထိုင်ချတပ်ဆွဲထားသည့် စစ်ကောင်စီစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း မြင်းမူမြို့နယ် အခြေစိုက် DK-PDF MMU အဖွဲ့က သတင်းထုတ်ပြန်သည်။
မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး ရေဦးဆီဆိုင်တွင် အထိုင်ချ တပ်ဆွဲထားသည့် စစ်ကောင်စီစခန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ တိတိကျကျကြဲချနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှု စာရင်းအား ဆက်လက်စုံစမ်းနေကြောင်း DK-PDF MMU အဖွဲ့က ဆိုသည်။
ဒရုန်းဖြင့် တိုက်ခိုက်ချိန်တွင် စစ်ကောင်စီအထိုင်စခန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Dog Killers People's Defence Force Myinmu(DK-PDF MMU)၊ မြင်းမူမြို့နယ် (ပ.က.ဖ)၊ (S.R.F)နှင့် Black Eagle Defence Force(M.M.U)စသည့် ညီနောင်မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: DK PDF