မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Together Urban Forceမှ  ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြို့ပြပြည်သူလူထုအပေါ် စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုစုံစမ်းနေဆဲဖြစ်ပြီး၊ တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို Together Urban Force အဖွဲ့နှင့် ပူးပေါင်းမဟာမိတ် Yangon Underground Revolutionary Team(YURT) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency