နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာ ရဲစခန်းဝန်းအတွင်းသို့ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာ ရဲစခန်းဝန်းအတွင်းသို့ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်း Natogyi People Defence Force မှ သတင်းထုတ်ပြန်သည်။

နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာ ရဲစခန်းဝန်းအတွင်းသို့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ (၄)နာရီခွဲ ဝန်းကျင်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရော့ကတ် (၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၃)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ရော့ကတ် (၃) လုံးအနက် (၂)လုံးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းချရာနေရာသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး (၁)လုံးမှာ ရဲစခန်းသို့ ထိမှန်၍ ခေါင်မိုးပွင့်ထွက်သွားခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း Natogyi People Defence Force က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းအား မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်း Natogyi People Defence Force မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ MI-35 ဂျက်ဖိုက်တာများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

#TachileikNewsAgency

Video:  Natogyi People Defence Force