တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဆုံတံတားကျိုးကာ သွားလာမရဖြစ်နေ

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဆုံတံတား မိုးသည်းထန်းစွာရွာသွန်းပြီး ချောင်းရေတိုက်စားခြင်းကြောင့် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ကျိုးသွားပြီဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် တံတားကျိုးသွားရာ ကုန်တင်ကားတစ်စီးလည်း တံတားတွင် ကန့်လန့်ဖြတ်တင်နေသည်ဟု သိရသည်။

လက်ရှိတွင် တံတားနှစ်ဖက်လုံးကျိုးသွားသဖြင့် ကားများသွားလာ၍ မရတော့သည့်အခြေအနေဖြစ်သည်။

ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေနှင့် ဆည်ရေတို့ကြောင့် ယနေ့ ရေနစ်မြုပ်နေသည်။ 

မုံချောင်းဆည်နှင့် တောင်ကျချောင်းရေများကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်း ပင်၊ လက်ပံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့်ရွာများနှင့် တပ်ကုန်းမြို့ တွင်းရှိ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာတို့ ရေနစ်မြုပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Video: Ko Kyaw Zin