မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဂွေးချိုနှင့် ဆင်ချောင်း ပြည်သူ့စစ်ကျေးရွာများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Young Force UG အဖွဲ့ထံမှ သိရသည်။
ရေစကြိုမြို့နယ်ရှိ ဂွေးချိုနှင့်ဆင်ချောင်း ပြည်သူ့စစ်ကျေးရွာများအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရော့ကတ် (၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီဘက်မှ အကြီး (၂)လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း Young Force UG အဖွဲ့မှ ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပူးပေါင်းတပ်ဖွဲ့ မဟာမိတ်များနှင့် ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)မှ Cobra One (Pakokku)၊ Taty (Pakokku) ၊ Thurain-TR နှင့် Young Force - UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video : Young Force - UG