ရဟတ်ယာဉ်အရေးပေါ် ဆင်းသက်ရသည့် နေရာတွင် ထိုင်ဝမ် လေတပ်စစ်ဦးစီးချုပ် ပျောက်ဆုံးနေ၍ ရှာဖွေနေ

ရဟတ်ယာဉ်အရေးပေါ် ဆင်းသက်ရသည့် နေရာတွင် ထိုင်ဝမ် လေတပ်စစ်ဦးစီးချုပ် ပျောက်ဆုံးနေ၍ ရှာဖွေနေ
ဇန်နဝါရီ 2, 2020
By Tachileik News Agency

ရဟတ်ယာဉ်အရေးပေါ် ဆင်းသက်ရသည့် နေရာတွင် ထိုင်ဝမ် လေတပ်စစ်ဦးစီးချုပ် ပျောက်ဆုံးနေ၍ ရှာဖွေနေ

ထိုင်ဝမ် လေတပ်စစ်ဦးစီးချုပ် ရှန်ရီမင် အပါအဝင် (၁၃)ဦး ပါဝင်သည့် လေတပ်ရဟတ်ယာဉ် ထိုင်ဝမ် မြောက်ပိုင်းတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် လေတပ်စစ်ဦးစီးချုပ် အပါအဝင် (၃)ဦးကို ရှာဖွေနေရဆဲဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လေတပ်ရဟတ်ယာဉ် Black Hawk တွင် လိုက်ပါသွားသူများကို အသက်ရှင်လျက် တွေ့ရှိထားပြီ ဖြစ်သော်လည်း လေတပ်စစ်ဦးစီးချုပ်နှင့်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့များ နေရာခွဲ၍ ရှာဖွေနေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ကို တိုင်ပေမြို့နှင့်မဝေးလှသည့် တောင်တန်းများအနီးတွင် အတင်းအကျပ် ဆင်းသက်စေခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကို မသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များက ရဟတ်ယာဉ်ပျက်ကျရာသို့ ရောက်ရှိချိန်တွင် အချို့မှာ ရဟတ်ယာဉ်အတွင်း ပိတ်မိနေဆဲဖြစ်သော်လည်း အချို့မှာ အပြင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် လေတပ်စစ်ဦးစီးချုပ်ရှန်ရီမင်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

တရုတ်နိုင်ငံက ပြည်မကြီးအောက် ထားရှိရန်ကြိုးစားနေပြီး လက်ရှိတွင် ဒီမိုကရေစနစ်ကျင့်သုံးနေသည့် ထိုင်ဝမ်တွင် ဇန်နဝါရီလ (၁၁)ရက်နေ့၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

Tachileik News Agency
Ref; Theguardian , VOA
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~