မြန်မာနယ်စပ်ဘက်ကို လျှပ်စစ်မီး ဖြတ်တောက်ပြီး တရုတ်နိုင်ငံသို့ သွားသည့် ထိုင်းဝန်ကြီးချုပ် တရုတ်သမ္မတ နှင့် တွေ့ဆုံ

Photo: Ing Shinawatra  ( FB )
Photo: Ing Shinawatra ( FB )
မြန်မာနယ်စပ်ဘက်ကို လျှပ်စစ်မီး ဖြတ်တောက်ပြီး တရုတ်နိုင်ငံသို့ သွားသည့် ထိုင်းဝန်ကြီးချုပ် တရုတ်သမ္မတ နှင့် တွေ့ဆုံ
ဖေဖော်ဝါရီ 6, 2025 | နိုင်ငံတကာသတင်း

တရုတ်နိုင်ငံခရီးစဉ် မထွက်ခွာမီ မြန်မာဘက်သို့ လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည့် ထိုင်းအစိုးရက ယနေ့တွင် တရုတ်သမ္မတ နှင့် တွေ့ဆုံနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် တာချီလိတ် နှင့် မြဝတီအပါအဝင် မြန်မာနယ်စပ်ဒေသများသို့ ရောင်းချပေးထားသည့် လျှပ်စစ်ဓါတ်အားကို ကျားဖြန့်နှိမ်နင်းရေးအတွက်ဟုဆိုကာ ပြန်လည် ဖြတ်တောက်လိုက်သည့် ဖေဖော်ဝါရီလ(၅)ရက်နေ့မှာပင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ် နှင့် အဖွဲ့က တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ်သည် တရုတ် သမ္မတ ရှီကျင်းဖျင်နှင့် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံကြသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ် နှင့် အဖွဲ့က တရုတ်နိုင်ငံခရီးစဉ်တွင် စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စ အပါအဝင် နယ်စပ်ဒေသရှိ တရုတ်ဂိုဏ်းများ၏ ကျားဖြန့်ကိစ္စများကိုလည်း ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။