သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် တောင်ကျရေနှင့်အတူ ရေကြီးရေလျှံဖြစ်ပွား၍ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီနေ
သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် တောင်ကျရေနှင့်အတူ ရေကြီးရေလျှံဖြစ်ပွား၍ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီနေ
ဇှနျ 7, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ်များ ရေနစ်မြုပ်နေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်၍ ကူညီနေကြောင်း သိရသည်။
သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ၂၀၁၈ခုနှစ် ဇွန်လ(၆)ရက် နှင့် (၇)ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး ခြံတံတိုင်းအချို့လည်း ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရေကြီးမှုကြောင့် အကူအညီလိုအပ်နေသည့် နမ့်လန်ကျေးရွာသို့ လားရှိုးမြို့မှ ပေးသောလက် လူငယ်ပရဟိတအသင်း၊ သီပေါမြို့မှ နယ်စည်းမခြား၊ One More၊ တောင်မြို့လူငယ်၊ မြန်မာရပ်လူငယ် စသည့် လူမှုရေးအသင်းအဖွဲ့များနှင့် သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့တို့ အပါအဝင် နမ့်လန် မီးသတ်တပ်ဖွဲ့ မှလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း - #နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ်များ ရေနစ်မြုပ်နေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်၍ ကူညီနေကြောင်း သိရသည်။
"ကျွန်တော်တို့ရောက်တဲ့ အချိန်မှာတော့ လူနေရပ်ကွက်ထဲမှာ ရေတွေ တော်တော်ဝင်နေတာ တွေ့ရတယ်။ ရေစီးနဲ့ပါပြီး လူက (၂)ယောက်သေထားတယ်။ လောလောဆယ်တော့ ကူညီနေတဲ့ အဖွဲ့တွေက အပျက်အစီးတွေ ရှင်းကူနေတယ်။ လူ ပျောက်ထားတာရှိသေးလားတော့ မသိရသေးဘူး"ဟု နမ့်လမ်ကျေးရွာသို့ ကယ်ဆယ်ရေးသွားရောက် လုပ်ဆောင်ပေးနေသည့် ပေးသောလက်လူငယ် ပရဟိတအဖွဲ့ မှ ကိုမြင့်မော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ၂၀၁၈ခုနှစ် ဇွန်လ(၆)ရက် နှင့် (၇)ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ကျရေများနှင့်အတူ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး ခြံတံတိုင်းအချို့လည်း ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"တချို့အိမ်တွေဆို ဘာမှပြန်မရလိုက်ပဲ အိမ်တွင်းပစ္စည်းတွေ ရေထဲအကုန်ပါသွားတာ တွေ့ရတယ်။ စာသင်ကျောင်းတွေတော့ ရကြေီးနေတာမတွေ့သေးဘူး"ဟု ကိုမြင့်မော်က ပြောသည်။
ရကြေီးမှုကြောင့် အကူအညီလိုအပ်နေသည့် နမ့်လန်ကျေးရွာသို့ လားရှိုးမြို့မှ ပေးသောလက် လူငယ်ပရဟိတအသင်း၊ သီပေါမြို့မှ နယ်စည်းမခြား၊ One More၊ တောင်မြို့လူငယ်၊ မြန်မာရပ်လူငယ် စသည့် လူမှုရေးအသင်းအဖွဲ့များနှင့် သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့တို့ အပါအဝင် နမ့်လန် မီးသတ်တပ်ဖွဲ့ မှလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - #နယ်စည်းမခြားပရဟိတအသင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~