မူဆယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိကာ ခြေထောက်တစ်ဖတ်ပြတ်

မူဆယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိကာ ခြေထောက်တစ်ဖတ်ပြတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပေါ်ချောင်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းတစ်လုံးနင်းမိသဖြင့် ခြေတစ်ဖက် ဖြတ်လိုက်ရကြောင်း TNLA ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ (၂)ရက်နေ့ နေလယ်ပိုင်းအချိန်တွင် အသက်(၄၀)အရွယ်ရှိ အမျိူးသားတစ်ဦးသည် ခိုဝိန်းရွာအနောက်ဘက် နမ့်ပေါ်အနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒေသခံတစ်ဦးက မူဆယ်မြို့ရှိ ပရဟိတအသင်းထံ အကြောင်းကြားပြီး မိုင်းနင်းမိသည့်အမျိုးသားကို မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

မိုင်းနင်းမိသည့်အမျိုးသားသည် မိုင်းစထိမှန်မှုကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လမှ ဧပြီလ (၃)ရက်နေ့အထိ မြေမြှုပ်မိုင်းကြောင့် ကွတ်ခိုင်မြို့နယ်တွင် ‌ဒေသခံ(၉)ဦး၊ နမ့်ခမ်းတွင် တစ်ဦး ဒဏ်ရာရပြီး ၎င်းတို့အနက် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

#TachileikNewsAgency