တရုတ်နိုင်ငံ ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်စ်လူနာများအား သီးခြားကုသနိုင်မည့် ကုတင် ၁၀၀၀ ဆံ့ဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်

တရုတ်နိုင်ငံ ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်စ်လူနာများအား သီးခြားကုသနိုင်မည့် ကုတင် ၁၀၀၀ ဆံ့ဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်
ဇန်နဝါရီ 24, 2020
By Tachileik News Agency
 
တရုတ်နိုင်ငံ ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်စ်လူနာများအား သီးခြားကုသနိုင်မည့် ကုတင် ၁၀၀၀ ဆံ့ဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကူးစက်ခံရသူနှင့် သေဆုံးသူတိုးလာနေသည့် ကော်ရိုနာဗိုင်းရပ်စ်လူနာများကို သီးခြားကုသရန်အတွက် ကုတင် (၁၀၀၀)ဆံ့ဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်နေကြောင်း သိရသည်။

ဝူဟန်မြို့ပြင်ရှိ ရေကန်အနီး တည်ဆောက်လက်စ အဆောက်အဦကို ကော်ရိုနာဗိုင်းရပ်စ်လူနာများကုသသည့် သီးခြားဆေးရုံအဖြစ် ပြောင်းလဲတည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ ဆေးရုံတည်ဆောက်ခြင်းဖြင့် ကုသပေးနိုင်မှု လက်လှမ်းမမီခြင်းများကို လျှော့ချနိုင်မည်ဖြစ်ပြီး ဆောက်လက်စအဆောက်အဦဖြစ်၍ ကုန်ကျစရိတ်များစွာ ထပ်မံကုန်ကျရန်မလိုကြောင်း သိရသည်။

ဘေဂျင်းတွင် ၂၀၀၃ ခုနှစ်က SARS ရောဂါဖြစ်ပွားစဉ်ကလည်း တစ်ပတ်အတွင်း ဘေဂျင်းဆေးရုံကို အပြီးသတ်တည်ဆောက်ပြင်ဆင်နိုင်ခဲ့ရာ ဝူဟန်အုပ်ချုပ်ရေးအဖွဲ့ကလည်း ဆေးရုံကို အချိန်မီပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်အပါအဝင် အနီးဝန်းကျင်ရှိ မြို့ပေါင်း (၁၀)မြို့ကို အဝင်အထွက် လုံးဝပိတ်ပင်လိုက်ပြီး ရောဂါပျံ့နှံ့ခြင်းမရှိစေရန် တရုတ်အစိုးရက ထိန်းချုပ်လိုက်သည်ကို တွေ့ရသည်။

ယင်းကဲ့သို့ လမ်းပန်းအဆက်အသွယ်ဖြတ်တောက်ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသတွင်း ဆိုင်များတွင် ပစ္စည်းများ ပြတ်လပ်သွားပြီး တရုတ်နှစ်သစ်ကူးကာလ ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

တောကောင်များပါရောင်းချသည့် ဝူဟန်ရေထွက်ပစ္စည်းဈေးမှ စတင်သည်ဟု ယူဆရသည့် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဆုတ်နာရောဂါမှာ အအေးမိတုပ်ကွေးအဖျားနှင့် ဆင်တူကာ နမိုးနီးယားအဆုတ်နာရောဂါထက် ပိုမိုပြင်းထန်ကြောင်း သိရသည်။

ဝူဟန်ဒေသတွင် စတင်ခဲ့သည့် အဆုတ်နာရောဂါမှာ အဆိုပါဒေသမှ အခြားဒေသများသို့ သွားရောက်လည်ပတ်သူများ၊ အဆိုပါဒေသမှ အလည်အပတ်ပြန်လာသူများမှတစ်ဆင့် တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အပြင် တရုတ်နိုင်ငံရှိ မြို့အချို့ထိ ကူးစက်ပျံ့ပွားသွားခြင်းဖြစ်သည်။

ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို စစ်ဆေးနေကြဆဲဖြစ်သော်လည်း မြွေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်သည်ဟု ယူဆမှုများလည်းရှိနေသည်။

Tachileik News Agency
Source: Metro
photo: China Xinhua News

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~