နိုင်ငံပေါင်း(၂၅)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ရက်တာအတွင်း နှစ်သောင်းနီးပါး တိုးလာပြီး သေဆုံးသူမှာလည်း (၂၆၈)ဦး တိုးလာ
ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်( Coronavirus COVID-19 (2019-nCoV) )၏ အခြေအနေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိ နှစ်ရက်တာအတွင်း ကူးစက်ခံရသူ (၂၀,၀၀၀)နီးပါး တိုးလာကြောင်း သိရသည်။
နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကိုရိုနာဗိုင်းရပ်စ်( Coronavirus COVID-19 (2019-nCoV) )ကူးစက်ခံရသည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က အရေအတွက်မှာ စုစုပေါင်း (၄၅,၁၁၉)ဦးရှိပြီး သေဆုံးသူမှာ (၁,၁၁၅)ဦးရှိရာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ အထိ ကူးစက်ခံရသူ စုစုပေါင်း (၆၄,၄၃၄)ဦးရှိလာပြီး သေဆုံးသူမှာ (၁,၃၈၃)ဦးရှိရာ နှစ်ရက်တာအတွင်း ကူးစက်ခံရသူ (၁၉,၃၁၅)ဦး တိုးလာပြီး သေဆုံးသူမှာလည်း နှစ်ရက်အတွင်း (၂၆၈)ဦး တိုးလာကြောင်း သိရသည်။
အဆိုပါ နှစ်ရက်အတွင်းမှာ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ သက်သာပျောက်ကင်းသူ စုစုပေါင်း (၄,၇၈၁)ဦး ရှိပြီး ဖေဖော်ဝါရီလ(၁၄)ရက်နေ့ အထိ (၅,၉၄၅)ဦးရှိရာ သက်သာပျောက်ကင်းသူ (၁,၁၆၄)ဦး တိုးလာကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်( Coronavirus COVID-19 (2019-nCoV) ) သည် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့အထိ ကူးစက်ခံရသူ (၂၀၀၀)ကျော်သာရှိသော်လည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကူးစက်ခံရသူ စုစုပေါင်း (၆၄,၄၃၄)ဦး ရှိလာသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်( Coronavirus COVID-19 (2019-nCoV) ) နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။
Tachileik News Agency
Tachileik News Agency