တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ ထားသည့် ဟိုတယ် ပြိုကျ

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ ထားသည့် ဟိုတယ် ပြိုကျ
မတ် 8, 2020
By Tachileik News Agency
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ ထားသည့် ဟိုတယ် ပြိုကျ

တရုတ်နိုင်ငံ၊ ဖူကျင့်ပြည်နယ်၊ ချွန်းကျိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ( COVID - 19 )သံသယလူနာများ သီးသန့်ထားသည့် ဟိုတယ်တစ်လုံး ၂၀၂၀ ခုနှစ်၊ မတ်လ (၇)ရက်နေ့ ဒေသစံတော်ချိန် ည (၇)နာရီခွဲဝန်းကျင်က ပြိုကျသွားသဖြင့် ကယ်ဆယ်ရေးသမား (၁၄၇)ဦးဖြင့် ကယ်ထုတ်နေရာ ည (၁၀)နာရီ (၂၁)မိနစ်အချိန်ထိ လူပေါင်း (၃၅)ဦး ကယ်ထုတ်ထားနိုင်ပြီဖြစ်ကြောင်း ဒေသအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြိုကျသွားသည့် ချင်ကျင့်ဟိုတယ်တွင်   ကိုရိုနာဗိုင်းရပ်စ် ( COVID - 19 ) သံသယလူနာများကို (၁၄)ရက် သီးသန့်ခွဲထားသည့် နေရာဖြစ်ပြီး ပြိုကျချိန်၌ သံသယလူနာပေါင်း (၇၀)ဝန်းကျင်ရှိနေကြောင်း People's Daily၏ အဆိုအရ သိရသည်။

ပြိုကျသွားသည့် ဟိုတယ်အောက်တွင် ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရေးအတွက် ဖူကျင်းပြည်နယ် တာဝန်ရှိသူများက ကယ်ဆယ်ရေးသမားများ ချက်ချင်းစေလွှတ်ခဲ့ပြီး ဘေဂျင်းမှ တာဝန်ရှိသူများကလည်း ကူညီပံ့ပိုးပေးနေသည်ဟု ဆင်ဟွာသတင်းတွင် ဖေါ်ပြထားသည်။

ဟိုတယ်ပြိုကျရသည့်အကြောင်းရင်းကို မသိရသေးသည့်အပြင် သေဆုံးသူအရေအတွက်ကို အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဟိုတယ်မှာ အခန်းပေါင်း (၈၀)ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
Source: CAN, CGTN
Photo: Photo: STR / AFP

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~