မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ရက်တည်း (၆၀)တိုးလာ၍ မတ်လ(၁၉)ရက်နေ့အထိ (၂၇၂)ဦးရှိလာ

မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ရက်တည်း (၆၀)တိုးလာ၍ မတ်လ(၁၉)ရက်နေ့အထိ (၂၇၂)ဦးရှိလာ
မတ် 19, 2020
By Tachileik News Agency

မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ရက်တည်း (၆၀)တိုးလာ၍ မတ်လ(၁၉)ရက်နေ့အထိ (၂၇၂)ဦးရှိလာ

မြန်မာနိုင်ငံနှင့် အနီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၁၉)ရက်နေ့ ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံရသူ (၂၇၂)ဦးအထိ ရှိလာကြောင်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ(၁၈)ရက်နေ့က ကူးစက်ခံရသူ (၂၁၂)ဦးရှိနေရာက မတ်လ(၁၉)ရက်နေ့ တစ်နေ့တည်းတွင် အတည်ပြုလူနာ(၆၀)ဦး တိုးလာ၍ အတည်ပြုလူနာ (၂၇၂)ဦး ရှိနေပြီဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း (၂၇၂)ဦးထဲတွင် အသက်(၃၅)နှစ်ရှိ ထိုင်းနိုင်သားတစ်ဦးသည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့က သေဆုံးသွားပြီး  (၄၄)ဦးမှာ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်သော်လည်း ကျန်ရှိသူများကို ဆက်လက်ကုသပေးနေရကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံမှ မတ်လ(၁၃)ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းသို့ ပြန်လည်ရောက်ရှိလာသည့်  ထိုင်းနိုင်ငံသား အမျိုးသား (၁၉)ဦး နှင့် အမျိုးသမီး (၁၄)ဦးတို့ကိုလည်း (၁၄)ရက် စောင့်ကြည့်နေကြောင်း သိရသည်။

ကူးစက်မြန်သည့် ကူရိုနာဗိုင်းရပ်စ်သည် ၂၀၂၀ခုနှစ် မတ်လ (၁၉)ရက်နေ့အထိ နိုင်ငံပေါင်း (၁၇၆)နိုင်ငံသို့ ပျံ့နှံ့နေရာ ကူးစက်ခံရသူ (၂၂၂,၆၄၃)ဦးအထိ ရှိလာပြီး သေဆုံးသူမှာ (၉,၁၁၅)ဦးရှိခဲ့ကြောင်း နှင့် သက်သာပျောက်ကင်းသူမှာ (၈၄,၅၀၆)ဦးရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံနှင့် အလွန်နီးစပ်သည့် ကမ္ဘာဒီးယားနိုင်ငံတွင် အတည်ပြုလူနာ (၃၇)ဦး နှင့် မလေးရှားနိုင်ငံတွင် အတည်ပြုလူနာ (၉၀၀)ဦးရှိနေသော်လည်း  မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင်မူ စောင့်ကြည့် သံသယလူနာများသာရှိခဲ့ပြီး ၂၀၂၀ခုနှစ် မတ်လ(၁၉)ရက်နေ့ ညနေအထိ အတည်ပြု လူနာမရှိသေးကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~