လူသားချင်းစာနာမှု အထောက်အပံ့များကို ငလျင်ဘေးကြောင့် ထိခိုက်ခံရသော ဒေသများထံ အတားအဆီး မရှိဘဲ ချက်ချင်း သွားရောက်ပေးပို့နိုင်ရန် ဆွစ်ဇာလန်သံရုံးက ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ထုတ်ပြန်သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအားလုံးကို ခွင့်ပြုပေးရန်လည်း တောင်းဆိုထားသည်။
ထို့အပြင် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများ၏ ယာယီအပစ်ခတ်ရပ်စဲရေး ကြေငြာချက်များအပေါ် ဆွစ်ဇာလန်သံရုံးမှ ကြိုဆိုထားသည်။
ယာယီအပစ်ခတ်ရပ်စဲရေး ကြေငြာချက်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံရသောသူများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များကို လုံခြုံစွာပေးပို့နိုင်ရန် ကူညီပံ့ပိုးဖြေရှင်း ပေးသင့်သည်ဟု ဆိုသည်။
ယာယီအပစ်ခတ်ရပ်စဲရေး ကြေငြာချက်များသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပေါ်ပေါက်လာရန် အားလုံးကို ကိုယ်စားပြုသော ဆွေးနွေးညှိနှိုင်းမှုတခု ဖြစ်ပေါ်လာစေရန် လမ်းဖောက်ပေးနိုင်မည်ဟု ဆွစ်ဇာလန်သံရုံးမှ မျှော်လင့်သည်ဟုလည်း ထုတ်ပြန်ထားသည်။