ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၄၂)ဦးရှိသည့်အနက် တစ်ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၄၂)ဦးရှိသည့်အနက် တစ်ဦး သေဆုံး
မတ် 1, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၄၂)ဦးရှိသည့်အနက် တစ်ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေးဌာနက ၂၀၂၀ ခုနှစ်၊ မတ်လ (၁)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူမှာ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့အထိ စုစုပေါင်း (၄၂) ဦးရှိသည့်အနက် ယခင်က သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကိုရိုနာဗိုင်းရပ်စ်အပြင် သွေးလွန်တုပ်ကွေးရောဂါကိုပါ ခံစားခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ လူနာမှာ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့က  ပြန်လည်သက်သာလာပြီဖြစ်သော်လည်း အဆုတ်နှင့် ကိုယ်တွင်း အင်္ဂါများစွာ ပျက်စီးခဲ့မှုကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေး ညွှန်ကြားရေးမှူး ဆူဝမ်နာချိုင်းက ဆိုသည်။

ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည့် လူနာတစ်ဦးတွင် တီဘီရောဂါပါ ခံစားနေရသဖြင့် အခြေအနေစိုးရိမ်နေရကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် အခြေအနေမှာ ၂၀၂၀ခုနှစ် မတ်လ(၁)ရက်နေ့ ညနေပိုင်းအထိ နိုင်ငံပေါင်း(၆၀)ကျော်တွင် ကူးစက်ခံထားရသူ (၈၆,၉၈၆)ဦးရှိရာ သက်သာပျောက်ကင်းသူမှာ (၄၂,၅၇၆)ဦးရှိသော်လည်း သေဆုံးသူမှာ (၂,၉၇၉)ဦးအထိ ရှိနေသည်။

Tachileik News Agency
Ref; Khaosod English

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~