အစိုးရကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းအဆင့် ဖွင့်လှစ်မည်ဖြစ်သော်လည်း ဘော်ဒါများ ဖွင့်ခွင့်မပြုသေး

အစိုးရကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းအဆင့် ဖွင့်လှစ်မည်ဖြစ်သော်လည်း ဘော်ဒါများ ဖွင့်ခွင့်မပြုသေး
ဇူလိုင် 16, 2020
By Tachileik News Agency

အစိုးရကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းအဆင့် ဖွင့်လှစ်မည်ဖြစ်သော်လည်း ဘော်ဒါများ ဖွင့်ခွင့်မပြုသေး

COVID 19 ကာလအတွင်း အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အခြေခံပညာ အထက်တန်းအဆင့်ကို စတင်ဖွင့်လှစ်ရန် ကျောင်းအပ်လက်ခံနေပြီဖြစ်သော်လည်း ဘော်ဒါဆောင်များ ဖွင့်လှစ်ခွင့် မပြုကြောင်း သိရသည်။

အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခြင်းဖြစ်သော်လည်း  ဘော်ဒါဆောင် (အဆောင်နေကျောင်းသားများ လက်ခံခြင်း)များကို ဖွင့်လှစ်ခွင့်ပေးမည် မဟုတ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီက ဇူလိုင်လ (၁၄)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျွန်တော်တို့ဆီကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရှမ်းတောင်၊ ရှမ်းအရှေ့က ကိုယ်ပိုင်ကျောင်းများအသင်း ကနေလာပြီး ဖွင့်လှစ်ခွင့် တင်တယ်။ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ခွင့်က ပညာရေးဝန်ကြီးဌာနက ပေးတယ်။ အခြေခံအထက်တန်းကျောင်းတွေဖွင့်သလိုပဲ social distancing ကို လိုက်နာမယ်။ စာသင်ခန်းတစ်ခန်းကို (၃၆) စတုရန်းပေ ကျောင်းသားတစ်ယောက်နှုန်းနဲ့ဆိုရင် ဝန်ကြီးဌာနက ခွင့်ပြုထားတယ်။  ဘော်ဒါနဲ့ပတ်သက်တာက ပညာရေးဝန်ကြီးဌာနက ပေးတာ မဟုတ်ဘူး။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဌာနက  ပေးတာဖြစ်တဲ့အတွက် ဖွင့်ချင်တဲ့ဘော်ဒါတွေ တင်လာရင် ကျွန်တော်တို့က စည်ပင်နဲ့ မြို့နယ် COVID ကော်မတီနဲ့စစ်ပြီးတော့ သက်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ဆက်ပြီးဆောင်ရွက်မယ်လို့  ပြောလိုက်တာပေါ့။ သူတို့တင်တဲ့စာပေါ်မူတည်ပြီး စည်ပင်တွေကို စာထွက်ထားတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာတော့ ကိုယ်ပိုင်ကျောင်း (၁၂၄) ကျောင်းဖွင့်ခွင့် ပေးထားတယ်။ ဘော်ဒါတော့ မဟုတ်ဘူး။ ကျောင်းဖွင့်တာပေါ့။ မနေ့က အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်မပြုဘူးဆိုတော့ စည်ပင်ကို ဆက်လိုက်ပြီ။ ခွင့်ပြုလို့မရဘူးပေါ့။ အထက်တန်းကျောင်းတွေကတော့ စပြီးလက်ခံဆောင်ရွက်နေပြီပေါ့

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ဇူလိုင်လ (၁၅)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခြေခံပညာအထက်တန်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့ အထိ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ဇူလိုင်လ (၂၁) ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်ကာ အလယ်တန်းအဆင့်များကို သြဂုတ်လ (၄) ရက်နေ့နှင့် မူလတန်းဆင့်များကို သြဂုတ်လ (၁၁)ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဟု ကြေညာထားကာ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအပ်ရမည့်နေ့ရက်ကို ကြေညာထားခြင်းမရှိသေးပါ။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~