ထိုင်းနိုင်ငံတွင်း အီဂျစ်စစ်သားထံက Covid-19 ပိုးတွေ့၍ ပိတ်လိုက်ရသည့် ကျောင်းပေါင်း (၂၇၀)ကျော်ကို တနင်္လာနေ့ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံတွင်း အီဂျစ်စစ်သားထံက Covid-19 ပိုးတွေ့၍ ပိတ်လိုက်ရသည့် ကျောင်းပေါင်း (၂၇၀)ကျော်ကို တနင်္လာနေ့ ပြန်ဖွင့်မည်
ဇူလိုင် 19, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း အီဂျစ်စစ်သားထံက Covid-19 ပိုးတွေ့၍ ပိတ်လိုက်ရသည့် ကျောင်းပေါင်း (၂၇၀)ကျော်ကို တနင်္လာနေ့ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံ၊ Rayong ဒေသမှ အလည်အပတ်ပြန်သွားသည့် အီဂျစ်စစ်တပ်ကိုယ်စားလှယ်တစ်ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ကစ၍ ယာယီပိတ်လိုက်သည့် ကျောင်းပေါင်း (၂၇၄) ကျောင်းအထိ ရှိလာသော်လည်း ဇူလိုင်လ (၂၀) ရက်နေ့ တနင်္လာနေ့မှစ၍ ပြန်ဖွင့်တော့မည်ဖြစ်ကြောင်း သိရသည်။

အီဂျစ်စစ်သားတစ်ဦး Rayong ဒေသရှိ ကုန်တိုက်သို့ သွားရောက်လည်ပတ်ပြီး အပြန်တွင် COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါဒေသရှိ အစိုးရအခြေခံပညာကျောင်း (၂၂၃) ကျောင်း၊ ပုဂ္ဂလိကကျောင်း (၃၂)ကျောင်း၊ သက်မွေးကောလိပ် (၁၁)ခုနှင့် ပြင်ပပညာရေးဆိုင်ရာကျောင်း (၈)ခုတို့ကို (၃)ရက်ကြာ ပိတ်ထားပြီး အွန်လိုင်းမှ သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အီဂျစ်စစ်သား ကုန်တိုက်အလည်အပတ်လာစဉ်က အဆိုပါ ဧရိယာအတွင်း ရှိနေသူများကို ဓာတ်ခွဲစစ်ဆေးရာ COVID 19 ပိုးမတွေ့ရသဖြင့် ကျောင်းများ ပြန်ဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သံတမန်များ၊ စစ်တပ်ကိုယ်စားလှယ်အဖွဲ့များကို quarantine ဝင်ခိုင်းခြင်းမရှိခဲ့သော်လည်း အီဂျစ်စစ်သားနှင့် ဆူဒန်သံတမန်မိသားစုတို့တွင် COVID 19 ပိုးတွေ့ရပြီးနောက် ထိုင်းနိုင်ငံတွင်း ဝင်လာသူအားလုံးကို quarantine ဝင်စေရန် ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်သည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~