ဆန္ဒမဲလာပေးသူများကို မဲရုံတွင် KN 95 Mask များ စနစ်တကျ တပ်ဆင်ရေး အပါအဝင် COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနက ကူညီပေးမည်

ဆန္ဒမဲလာပေးသူများကို မဲရုံတွင် KN 95 Mask များ စနစ်တကျ တပ်ဆင်ရေး အပါအဝင် COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနက ကူညီပေးမည်
နိုဝင်ဘာ 7, 2020
By Tachileik News Agency
ဆန္ဒမဲလာပေးသူများကို မဲရုံတွင် KN 95 Mask များ စနစ်တကျ တပ်ဆင်ရေး အပါအဝင် COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနက ကူညီပေးမည်
မဲရုံများသို့ ဆန္ဒမဲလာပေးသူများကို မဲရုံအဝင်တွင် မိမိတို့တပ်ဆင်လာသည့် Mask များကို စနစ်တကျ စွန့်ပစ်စေပြီး KN 95 Mask များတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ မဲပေးသည့်လုပ်ငန်းစဉ်တလျှောက် လက်မှတစ်ဆင့် COVID 19 မကူးစေရန် လုပ်ငန်းစဉ်များကို ကျန်းမာရေးဌာနက ဆောင်ရွက်ပေးမည်ဖြစ်သည်။
“မဲပေးမယ့်သူတွေ Mask တပ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် (၆)ပေခွာနေဖို့၊ မဲရုံမှာ COVID ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အတိုင်းပဲ  လိုက်နာဆောင်ရွက်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့တွေ KN 95 Mask တွေပေးမယ်။ အဖျားတိုင်းပေးမယ်။ အဖျားတိုင်းပေးမယ်။ နောက်ဆုံးပိတ် လွှတ်တော်ကိုယ်စားလှယ်အားလုံးကို မဲပေးပြီးရင် လက်မှာတစ်ခါပြန်ပြီး သန့်စင်ပေးမယ်။ နောက် လက်သန်းကို မှင်တို့မယ်။ ကျွန်တော်တို့ သရုပ်ပြတာတွေလည်း အကြိမ်ကြိမ်လုပ်ထားပါတယ်။ ဒါတွေကို လိုက်နာဆောင်ရွက်ရင်တော့ COVID 19 ကာကွယ်နိုင်မှာပါ။ မဲရုံအဝင်မှာ အိမ်ကတပ်လာတဲ့ Mask ကို စနစ်တကျစွန့်ပစ်ပြီး KN 95 Mask တပ်ပေးလိုက်မှာ။ ပြန်ရင်လည်း ဒီMask နဲ့ ပြန်သွားလို့ရတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ Mask အပြင်ဘက်ကို လက်နဲ့ထိတာ၊ မျက်နှာကို လက်နဲ့ကိုင်တာတွေမလုပ်ဘဲ အိမ်ကိုပြန်ရောက်တာနဲ့ စနစ်တကျစွန့်ပစ်တာ၊ လက်ဆေးတာတွေ လုပ်ရင်တော့ စိတ်ချရတာပေါ့”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဲပေးသူများအား COVID 19 ကာကွယ်ရေးအတွက် မဲရုံတွင်တန်းစီရာ၌ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီရန်၊ မဲရုံအဝင်တွင် KN 95 Mask ကို လဲလှယ်တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်များကို Hand Sanitizer ဖြင့်ဖြန်းခြင်း၊ မဲပေးပြီး၍ မှင်တို့ခါနီးတွင် လက်ကို Hand Sanitizer ဖြင့်ဖြန်းခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - မြင့်ကျော် (ကနီ)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~