ကယားပြည်နယ် လွိုင်ကော်မြို့ပေါ် မဲရုံများအနက် ထေသမရပ်ကွက်ရှိ မဲရုံ (၂)ခုတွင် မဲပေးသူ အလွန်များပြား
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ထေသမရက်ကွက်ရှိ လေ့ကျင့်ရေး အထက ဒွေးမယ်နော်မဲရုံအမှတ် (၁)နှင့် လေ့ကျင့်ရေး အထက စောလဖော်မဲရုံအမှတ်(၂)တို့၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ မဲရုံဖွင့်ချိန် နံနက် (၆)နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးမည့်သူများ တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
လွိုင်ကော်မြို့ပေါ်တွင် မဲဆန္ဒရှင် ( ၂၂၅၄)ဦးရှိသည့် ထေသမရပ်ကွက်မှ အဆိုပါမဲရုံ (၂)ခုတွင် စောင့်ဆိုင်းတန်းစီ မဲပေးနေသူအလွန်များပြားနေပြီး အခြားမဲရုံများတွင် မဲပေးသူ အတန်အသင့်သာရှိနေသည်ကို တွေ့ရသည်။
လွိုင်ကော်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် နိုင်ငံရေးပါတီ (၁၁)ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ (၁)ဦး ဝင်ပြိုင်နေခြင်းဖြစ်ပြီး မဲရုံပေါင်း (၈၁)ရုံ၌ မဲဆန္ဒရှင်ပေါင်း ( ၁၀၀၂၆၇)ဦးမဲပေးကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း