တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦီး အနံ့ပျောက်နေ၍ ဆေးရုံဟောင်းသို့ လာစစ်ရာက Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦီး အနံ့ပျောက်နေ၍ ဆေးရုံဟောင်းသို့ လာစစ်ရာက Covid-19 ပိုးတွေ့
နိုဝင်ဘာ 25, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦီး အနံ့ပျောက်နေ၍ ဆေးရုံဟောင်းသို့ လာစစ်ရာက Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေထိုင်သည့် အမျိုးသမီး(၁) ဦး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အနံ့ပျောက်သဖြင့် ပြည်သူ့ဆေးရုံဟောင်းသို့ လာရောက်စစ်ဆေးမှုခံယူရာ RDT ဖြင့် စစ်ဆေးရာ positive တွေ့ရကြောင်း သိရသည်။
ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၀) ဝန်းကျင်အမျိုးသမီးတစ်ဦး အနံ့ပျောက်သည်ဟု တာချီလိတ်ပြည်သူ့ဆေးရုံဟောင်းရှိ fever clinic သို့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် လာရောက်ပြသ သဖြင့် RDT ဖြင့် စစ်ဆေးမှုပြုလုပ်ရာ COVID 19 positive ဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါအမျိုးသမီးလူနာအား သီးခြားကုသဆောင်သို့ပို့ကာ ခရီးသွားရာဇဝင် စစ်ဆေးခြင်း၊ ထိတွေ့သူများကို ရှာဖွေနိုင်ရန် မေးမြန်းခြင်းများကိုကို တာဝန်ရှိသူများက ဆောင်ရွက်နေကြဆဲဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါ အမျိုးသမီးသည် တစ်လအတွင်း မည်သည့်ဒေသမှ ခရီးသွားလာထားခြင်းမရှိဟု သိရသော်လည်း အတည်ပြုနိုင်ရန် မေးမြန်းနေကြဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာလ (၂၂)ရက်နေ့ ပိုးတွေ့လူနာ (၁)ဦးကုသမှုခံယူနေပြီး နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပိုးတွေ့လူနာ (၁)ဦးနှင့် ညနေပိုင်းတွင် ပိုးတွေ့လူနာ (၁)ဦး ထပ်တိုးလာခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~