တာချီလိတ်မြို့ရှိ ဆန်ဆိုင်းဟိုတယ်တွင် အတည်ပြုလူနာတွေ့၍ lockdown ချထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်းဟိုတယ်တွင် Covid-19 အတည်ပြုလူနာတစ်ဦးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းမှစ၍ lockdown ချလိုက်ပြီဖြစ်သည်။
အဆိုပါဟိုတယ်မှ အမျိုးသားတစ်ဦးတွင် နိုဝင်ဘာလ (၃၀) ရက်နေ့က COVID 19 positive တွေ့ရသဖြင့် lockdown ချလိုက်ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၃၀) ရက်နေ့အထိ အတည်ပြုလူနာ (၃၄)ဦး ရှိနေခြင်းဖြစ်သည်။
Tachileik News Agency