ငလျင်ကြောင့် လူပေါင်း ၂၇၁၉ ဦးသေဆုံးထားဟု စစ်ခေါင်းဆောင်ပြော

ငလျင်ကြောင့် လူပေါင်း ၂၇၁၉ ဦးသေဆုံးထားဟု စစ်ခေါင်းဆောင်ပြော

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးတွင် လူပေါင်း(၂၇၁၉)ဦး သေဆုံးပြီး ဒဏ်ရာရသူ (၄၅၂၁)နှင့် ပျောက်ဆုံးနေသူ (၄၀၀၀)ကျော်ရှိသည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူလက်ခံပွဲအခမ်းအနားတွင် ယနေ့ နံနက်(၈)နာရီတွင်ရရှိသည့် စာရင်းကို စစ်ခေါင်းဆောင်ပြောဆိုခြင်းဖြစ်ပြီး မြေပြင်တွင် သေဆုံးသူရုပ်အလောင်းများ ဆက်လက်ရှာဖွေတွေ့ရှိနေသည်။

"ကျွန်တော့်ဆီကို နောက်ဆုံးတင်တဲ့ စာရင်းအထိ ဒီနေ့မနက် ၈ နာရီအထိ ရတဲ့စာရင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ ၂၇၁၉ ယောက် သေဆုံးပါတယ်။ ၄၅၂၁ ယောက် ဒဏ်ရာရပါတယ်။ ၄၄၁ ယောက် ပျောက်ဆုံးကြောင်း သတင်းပို့ထားပါတယ်။”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ပျောက်ဆုံးကြောင်း သတင်းပို့ထားသူများမှာ သေဆုံးရန်များပြီး (၇၂)နာရီကျော်လာပြီဖြစ်သဖြင့် မလွယ်တော့ဟု ဆိုသည်။

“သို့သော်လည််းပဲ ကံကောင်းထောက်မစွာနဲ့ ဒီနေ့ အသက်ရှင်လျက် တစ်ယောက် ထပ်ရတယ်လို့ ပြောပါတယ်။ ပြောရရင်တော့ ကျွန်တော်တို့ ၃၀၀၀ ကျော်လောက် သေဆုံးမယ့်သဘောဖြစ်တယ်လို့ယူဆထားပါတယ်။"ဟု မင်းအောင်လှိုင်က ပြောသည်။ 

မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် ၇.၇ ပြင်းအားရှိ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အပျက်အစီးများပြီး လူသေဆုံးမှုများခဲ့ရကာ နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကပါ လာရောက်ကူညီနေရသည်။

#TachileikNewsAgency