တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အခြေခံနှင့်မွမ်းမံ ၃၅ ရက်ကြာ ဆေးသင်တန်း ပြုလုပ်ပြီးစီး

တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အခြေခံနှင့်မွမ်းမံ ၃၅ ရက်ကြာ ဆေးသင်တန်း ပြုလုပ်ပြီးစီး

တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံနှင့်မွမ်းမံ (၃၅)ရက်ကြာ ဆေးသင်တန်း ပြုလုပ်ပြီးစီးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ဆေးသင်တန်းကို တနင်္သာရီပကဖ မှ ဦးဆောင်ပြီး မြိတ်ပကဖ နှင့် မြိတ်ခရိုင်တပ်ရင်း (၂) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းသား (၄၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းပြီးဆုံးခြင်း စာမေးပွဲကိုလည်း အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် နယ်မြေခံ CDM ဆရာ၊ ဆရာမများနှင့်  ပူးပေါင်းပြီး  ဆေးပညာသင်ကြားခြင်း၊ လက်တွေ့သင်ကြားခြင်း ၊ စစ်ပညာသင်ကြားခြင်းနှင့် စိတ်ဓာတ်ပြင်ဆင်ခြင်းများကို သင်ကြားခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့