မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကျောသာကျေးရွာနှင့် သပြေစမ်းကျေးရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်က တိုက်ခိုက်၍ လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်သည်ဟု ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည်။
ဒုရဲအုပ်ရန်နိုင်ဌေး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်(၅)ဦးကို တော်လှန်ရေးတပ်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ(၃)ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(PDF-PNWD)နှင့် သရက်ခရိုင် အမှတ်(၅)တပ်ရင်းတို့က ပူးပေါင်း၍ နာရီဝက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ခိုက်မှုမှ ရဲများအသုံးပြုသော 79 (၁)လက်၊ (၄၀)မမ ဗုံးသီး (၂)လုံး ၊ MA-13 (၁)လက်၊ MA-13 ကျည် (၁၃၀)တောင့်၊ G-3 ကျည် (၁၂၀)တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ ခြောက်လုံးပြူး တစ်လက်၊ လက်ကိုင်ဖုန်း (၅)လုံး၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား(၅)ခုနှင့် ဝန်ထမ်းကဒ်နှစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
#TachileikNewsAgency