[ ပေးစာ ]  တက်လမ်းသမဝါယမအသင်း လီမီတက် နှင့် ပတ်သက်၍ အယ်ဒီတာ့ထံ ပေးစာ

[ ပေးစာ ]  တက်လမ်းသမဝါယမအသင်း လီမီတက် နှင့် ပတ်သက်၍ အယ်ဒီတာ့ထံ ပေးစာ

 သို့

အယ်ဒီတာမှ တဆင့် သက်ဆိုင်ရာများထံသို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ တက်လမ်းသမဝါယမအသင်း လီမီတက် ‌‌‌‌‌‌‌‌ငွေစု/ငွေချေး လုပ်ငန်းတွင် လုပ်ကိုင်နေသော ဒုတိယဦးစီးမှူး ဒေါ်ဇင်မို့မို့စိုး သည် ၎င်းသမဝါယမ အသင်းတွင် ပါဝင်သော ဝန်ထမ်းများ၊ ဈေးသူ ဈေးသားများ ရဲ့လစဉ် ချွေးနည်းစာဖြင့် ချွေတာစုဆောင်းထားသော အစုများအတွက် လစဉ် ပေးရမည်ဖြစ်သာ အတိုးငွေများကို ပေးရမည့်လများတွင် မပေးပါ။ 

ထို့ပြင် အသင်းသားများမှ ချေးငွေ ချေးယူချင်လျှင်လည်း ထုတ်ပေးခြင်း မရှိပါ။ စုဆောင်းထားသော အစုငွေများ ပြန်လည်ထုတ်ယူမည် ဆိုသော်လည်း မထုတ်ပေးပါ။ ယခုကဲ့သို့ ပြုလုပ်နသည်များမှာ (၂)နှစ်ကျော် (၃)နှစ်အချိန် ကာလထဲ ရောက်ရှိလာပါပြီ။ 

ထို့ကြောင့် ၎င်းတို့ ဌာနရဲ့ အထက်အရာရှိ ဖြစ်သော ဦးစီးမှူးအား အကျိုး‌အကြောင်း ပြောပြသော်လည်း   ဒုတိယဦးစီးမှူး ဒေါ်ဇင်မို့မို့စိုး အလွဲသုံးစားပြုလုပ်ထားသော ငွေကြေးများမှာ များပြားသဖြင့် မိမိတို့မှ တာဝန် မယူနိုင် ကြောင်း သက်ဆိုင်ရာကိုသာ အဆင့်ဆင့် တိုင်ကြားရန်သာ ပြောပါသည်။

အချို့အသင်းသားများမှ ထွေအုပ်(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)ကို စာဖြင့် တိုင်ကြားစာ ပို့သော်လည်း မည်သို့မျှ  အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်း မရှိသည့် အပြင်  ငွေအလွဲသုံးစားလုပ်ထားသော ဒုတိယဦးစီးမှူး ဒေါ်ဇင်မို့မို့စိုးသည် သမဝါယမဌာနတွင် လက်ရှိ တာဝန်ကို ထမ်းဆောင် နေဆဲသာဖြစ်ပါသည်။ 

အကျင့်ပျက် ဝန်ထမ်းကို ဘယ်သူကမှ  ဘာမှ မလုပ်သည့် အပြင် အခုဆိုရင်  ဆန်ဆိုင်းဝန်ထမ်းအိမ်ရာမှာပါ အခန်းရရှိသွားပြီလို့ ကြားသိရပါတယ်။

ကိုယ့်ပိုက်ဆံနဲ့ကိုယ် အခက်တွေ့နေရပြီး ပိုက်ဆံစုငွေပါသွားသူများထဲမှာ ကျပ်(၁၀)သိန်းမှ ကျပ်သိန်း(၃၀)အထိ ပြန်မရသူတွေများစွာ ရှိနေပြီး မကြာခဏ ရန်သွားတွေ့မှ ကျပ်(၁)သိန်းပေးလိုက် မပေးလိုက် လုပ်သလို တချို့ရန်မစွာတတ်သူများမှာ တပြားမှကို ပြန်မရသည့် အဖြစ်နှင့် ကြုံနေရပါတယ်။

အပြင်မှာ စုရင် ငွေများ လိမ်ပြေးကြသည်က များ၍ မစုရဲသည့်အတွက် တရားဝင် အစိုးရဌာနအောက်က အစုအဖွဲ့အသင်းထံ စုသည့်အခါမှ ဝန်ထမ်းဖြစ်ပြီး လုပ်ရဲတာပါ။ အစုငွေများ အလွဲသုံးစားလုပ်ထားသည်မှာ ငွေသိန်းထောင်ချီကျော်ပါတယ်။

အသင်းသူ အသင်းသားများက မိမိတို့ ချွေးနည်းစာဖြင့် စုဆောင်းထားသော ငွေကြေး များကို ပြန်လည်ထုတ်ပေး စေလိုပါတယ်။