အာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းမိသားစုဝင်များကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု AA နှင့်နီးစပ်သူများထံမှ သတိရသည်။
တိုက်ပွဲကာလအတွင်း ဖမ်းမိထိန်းသိမ်းထားသည့် စစ်သုံ့ပန်း မိသားစုဝင် (၁၉၇)ဦးနှင့် ဒုတိယရဲမှူးကြီး တစ်ဦးတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်လာသူ စစ်သုံ့ပန်းမိသားစုဝင်ထဲတွင် အမျိုးသား(၅၁)ဦးနှင့် အမျိုးသမီး (၁၄၇)ဦးတို့ ပါဝင်သည်ဟု သိရသည်။
၎င်းတို့ကို အရက္ခတပ်တော်က အခမ်းအနားနှင့်တကွ မိသားစုဝင်များထံ ပြန်လည်အပ်နှံလိုက်သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ပထမ အပတ်ကလည်း အာရက္ခတပ်တော်သည် တိုက်ပွဲကာလအတွင်း ဖမ်းမိထိန်းသိမ်းထားသည့် စစ်သုံ့ပန်း မိသားစုဝင်(၁၁၆)ဦးနှင့် အရပ်သား အကျဉ်းသား (၂၆)ဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။
စစ်ကောင်စီတပ်သည် စစ်သုံ့ပန်းများ ဖမ်းဆီးထိန်းသိမ်းထားရာ နေရာများအား ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်လည်း စစ်သုံ့ပန်းနှင့် မိသားစုဝင် (၁၀၀)ဦးကျော် သေဆုံးခဲ့ရသည်။
#TachileikNewsAgency