ထိုင်းတွင် တစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၀၀ ဦးကျော် ဖမ်းခံရ

ထိုင်းတွင် တစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၀၀ ဦးကျော် ဖမ်းခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၁၀၀)ဦးကျော်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ဖမ်းမိသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ည(၁၁)နာရီခွဲတွင် မြန်မာနိုင်ငံသား (၂၃)ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

မဲဆောက်မြို့ အမှတ်(၂)ကျေးရွာအတွင်း၌ တရားမဝင် ဝင်ရောက်လာသည့် လူတစ်စုကို တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာက မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့သည် ဘန်ကောက်မြို့သို့ တရားမဝင် သွားရောက်၍ အလုပ်လုပ်ကိုင်ရန် သောင်ရင်းမြစ်ကို ဖြတ်ကူးခဲ့ကြသည်ဟု ဆိုသည်။

ထို့ကြောင့် ၎င်းတို့ကို မဲဆောက်ရဲစခန်းက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်တွင်ပင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်၌ ကုန်တင်ကားနှင့် လိုက်ပါလာသော အမျိုးသား(၄၉)ဦး၊ အမျိုးသမီး(၄၆)ဦးနှင့် ကလေး (၁၁)ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံသားများကို ရတ်ချဘူရီမှ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် စီစဥ်ထားခြင်းဖြစ်ပြီး ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့် တရားစွဲကာ ဖမ်းမိသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်သွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo:วันนี้ที่แม่สอด อ.แม่สอด