ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မြန်မာနိုင်ငံနှင့် နယ်စပ်အနီး နှစ်နေရာတွင် မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် နယ်စပ်ကင်းလှည့်အဖွဲ့တို့ ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရပြီး မူးယစ်သယ်သူလေးဦး သေဆုံးသည်ဟု သိရသည်။
ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့များသည် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညပိုင်းက မြန်မာနယ်စပ်တလျှောက် ကင်းလှည့်နေစဉ် နယ်စပ်တောလမ်းဘက်မှ အထုပ်အပိုးများသယ်လာသည့် (၁၅)ဦးဝန်းကျင်အဖွဲ့အား စစ်ဆေးရန် တားမြစ်ရာမှ (၁၀)မိနစ်ဝန်းကျင်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ယမန်နေ့ညက ပစ်ခတ်မှုဖြစ်ပွားရာနှင့် (၆)မီတာဝန်းကျင်အကွာတွင် အထုပ်အပိုးသယ်လာသည့် (၅)ဦးဝန်းကျင်ပါအဖွဲ့နှင့် နယ်စပ်ကင်းလှည့်အဖွဲ့တို့ ယနေ့ နံနက် (၆)နာရီဝန်းကျင်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုနှစ်ခုအတွင်း ထိုင်းနယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင် (၁)ဦး ဒဏ်ရာရသွားပြီး မူးယစ်ဆေးသယ်သည့်အဖွဲ့မှ စုစုပေါင်း (၄)ဦး သေဆုံးကြောင်း သိရသည်။
ပထမပစ်ခတ်မှုဖြစ်ပွားရာနေရာမှ ဆာလာအိတ်အထုပ်ပေါင်း (၁၄)ထုပ်အတွင်း ခရစ်စတယ်မက်သာအက်ဖီတမင်း မူးယစ်ဆေးအလေးချိန် စုစုပေါင်း (၂၁၀)ကီလိုဂရမ်ဝန်းကျင်နှင့် ဒုတိယပစ်ခတ်မှုဖြစ်ပွားရာနေရာမှ မက်သာအက်ဖီတမင်း စိတ်ကြွဆေးပြား (၁)သိန်းပါသည့် ဆာလာအိတ်တစ်ထုပ်ကို တွေ့ရကြောင်း သိရသည်။
Source: MRGonline
#TachileikNewsAgency