မြဝတီ ကျားဖြန့်မှ ဟောင်ကောင် အမျိုးသမီး တစ်ဦးကို ထိုင်းစစ်တပ်နှင့် ရဲ ပူးပေါင်း ကယ်ထုတ်

Photo: The Nation
Photo: The Nation
မြဝတီ ကျားဖြန့်မှ ဟောင်ကောင် အမျိုးသမီး တစ်ဦးကို ထိုင်းစစ်တပ်နှင့် ရဲ ပူးပေါင်း ကယ်ထုတ်
ဖေဖော်ဝါရီ 2, 2025 | နိုင်ငံတကာသတင်း

ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဘက်တွင် လူကုန်ကူးခံရသည့် တရုတ် - ဟောင်ကောင်နိုင်ငံသူတစ်ဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် (၃၁)နှစ်အရွယ် အမျိုးသမီးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 The Nation

တရုတ် - ဟောင်ကောင်နိုင်ငံသား (၁၂)ဦး မြန်မာနိုင်ငံဘက်ရှိ တရုတ်ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)များတွင် လူကုန်ကူးခံရသည်ဟု ယူဆရကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က ကနဦးသတင်းရရှိခဲ့ကြောင်း သိရသည်။

တရုတ် -ဟောင်ကောင်နိုင်ငံသားများ တစ်ဖက်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လိုကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က ထိုင်းစစ်တပ်ကို သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထိုင်းစစ်တပ်က ရန်ကုန်ရှိ ထိုင်းသံရုံးမှ ရဲသံမှူး၏အကူအညီဖြင့် DKBA အကူအညီကို ရယူကာ ဟောင်ကောင်နိုင်ငံသူအား ထိုင်းဘက်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှတစ်ဆင့် ဟောင်ကောင်သို့ ပြန်လွှဲပေးရန် စီစဉ်နေကြောင်း သိရသည်။

 

 

Source: The Nation