ပေါ်တာဆွဲခံရပြီး  စစ်ထဲရောက်လာသည့် ခမရ(၃၆၉)မှ တပ်သားတစ်ဦး  တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ပေါ်တာဆွဲခံရပြီး  စစ်ထဲရောက်လာသည့် ခမရ(၃၆၉)မှ တပ်သားတစ်ဦး  တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

 စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အခြေစိုက် အမှတ်(၃၆၉)ခြေမြန်တပ်ရင်းမှ ပေါ်တာဆွဲခံရသည့် တပ်သားတစ်ဦး Earthquake People's Defence Force ထံ အလင်းဝင်လာသည်ဟု သိရသည်။

အသက်(၂၅)နှစ်ရှိ စစ်ကောင်စီတပ်သား စည်သူထက်သည် ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်(၁၀) နာရီတွင် ကာကွယ်ရေးအဖွဲ့ထံ ချိတ်ဆက် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်ခဲယမ်းတော့ ပါမလာဘူးဗျ။ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာတာပါ။ ပခုက္ကူမြို့မှာ ပေါ်တာဆွဲခံ ရတာပါ။ အပတ်စဉ်(၃)ဆင်းပါ။”ဟု Earthquake People's Defence Force မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားကို ကာကွယ်ရေးအဖွဲ့က ကြိုဆိုလက်ခံပြီး သက်ဆိုင်သည့် လုံခြုံသောနေရာထံ အသက်အာမခံချက်အပြည့်ဖြင့် ပို့ဆောင်ပေးမည်ဟု သိရသည်။ 

Earthquake People's Defence Force ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးနှင့် ရဲတစ်ဦးရှိပြီ ဟုလည်း သိရသည်။ 

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမဆန်ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြု လုပ်နေသော စစ်ကောင်စီတပ်အား အမြန် စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစု များရှိရာသို့ ပို့ဆောင်ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၂၉)ဦး CDM ပြု လုပ်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၁၃)ရက်နေ့ တွင် ထုတ်ပြန်ထားသည်။