ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီဂိတ် စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၄)ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Photo: ဒူရကစစ်ကြောင်း
Photo: ဒူရကစစ်ကြောင်း
ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီဂိတ် စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၄)ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္တီးကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၄)ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ဒူရကစစ်ကြောင်းထံမှ သိရသည်။

ရှင်မုတ္တီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ရွှေဂူဂိတ်စခန်းကုန်း ကို တော်လှန်ရေးတပ်များက   ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု (၅)နာရီခန့် ကြာမြင့်ပြီး စစ်ကောင် စီတပ်သား (၅)ဦးထက်မနည်းသေကာ (၄)ဦးကို အရှင်ဖမ်းမိသည်ဟု ဆိုသည်။

စစ်သုံ့ပန်း(၄)ဦးကို ဖမ်းမိသည့်အပြင်  ငါးကြင်းမြှီးတစ်လက်၊ MA 4 တစ်လက်၊ MA 3 (၃)လက်၊ MA 2 တစ်လက်၊ MA 1 (၄)လက်၊ ၆၀ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ (၁၄)နင်းမိုင်း (၄)လုံး၊ လိပ်ခုံးမိုင်း(၅)လုံး၊ လက်ကိုင်ဖုန်း(၅)လုံးနှင့် စစ်အသုံးအ ဆောင်ပစ္စည်းများရရှိကာ စစ်ဆေးရေးဂိတ်နှင့် စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF)၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ (၁)တို့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတပ်ဖွဲ့များသည့် ဇန်နဝါရီလ(၂၇)ရက်နေ့ကလည်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ကမြောကင်းတံ တား စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။