မကွေးတိုင်း ပခုက္ကူမြို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်နေချိန် စစ်ကောင်စီတပ်ဆွဲထားသော တပ်မ(၁၀၁)၊ ရထားလမ်းဆုံး၊ အင်ပင်နေရာများကို မောင်းသူမဲ့လေယာဉ်များဖြင့် တော်လှန်ရေးတပ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။
ယမန်နေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)ကို အီနာဂါဗုံးသီး(၂)လုံး၊ ရထားလမ်းဆုံးရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာကို အနာဂါဗုံးသီး(၄)လုံး၊ အင်ပင်ရှိ စစ်ကောင်စီတပ်စွဲထားသောနေရာကို အီနာဂါဗုံးသီး(၄)လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ မြိုင်(ပကဖ)၊ Royal Defence Force(RDF)၊ Royal Phoenix Task Force(RPTF)၊ နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပစ်မှတ်နေရာများသို့ တိကျစွာ ဗုံးသီးချတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency