ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း နှင့် မိုင်းများ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း နှင့် မိုင်းများ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်

 မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်း ၊ မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Drone Force မှ ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၈ ) ရက်နေ့တွင် ထုတ်ပြန်သည်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ကျေးရွာမှ ပျူစောထီးများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ Fixed Wing Drone ဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပြီး ၊ ယင်းနေ့တွင်ပင် ကပစ ( ၂၂ ) မှ ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၂ ) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ( ၃ ) ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း Black Eagle Drone Force က ဆိုသည်။

“ ထိခိုက်ပြည်သူက အင်ကြင်ပင်ကဗျ ၊ ကျွန်တော်တို့ ဒရုန်းတစီးလည်း ဂျန်ဘာညိပြီး ပျက်စီးသွားတယ် ၊ ထိုးကျပြီး ဗုန်းသီးကွဲပြီး မီးလောင်သွားတာ” ဟု Black Eagle Drone Force မှ တာဝန်ရှိသူတဦးက Tachileik News Agency သို့ ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုအား Black Eagle Drone Force နှင့် ဗိုလ်မထားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 Photo: Black Eagle Drone Force