စားသောက်ဆိုင်ကာနေ သောက်စားမူးယစ်ပြီး ပြန်လာသည့် တပ်ကြပ်ကြီး နှင့်အဖွဲ့ PDF ၏ စစ်ဆေးမှုကို လက်မခံဘဲ ပြန်လည်ခုခံ၍ တပ်ကြပ်ကြီး သေဆုံး

စားသောက်ဆိုင်ကာနေ သောက်စားမူးယစ်ပြီး ပြန်လာသည့် တပ်ကြပ်ကြီး နှင့်အဖွဲ့ PDF ၏ စစ်ဆေးမှုကို လက်မခံဘဲ ပြန်လည်ခုခံ၍ တပ်ကြပ်ကြီး သေဆုံး

 စားသောက်ဆိုင်ကနေ သောက်စား မူးယစ်ပြီးပြန်လာသည့်် တပ်ကြပ်ကြီး  နှင့် Non CDM များ ပါဝင်သည့် အဖွဲ့ကို လမ်းပိုင်းတစ်နေရာတွင် PDF က တားဆီးစစ်ဆေးရာမှ တပ်ကြပ်ကြီးက ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့က ဆိပ်ဖြူ - တညောင်လမ်းပိုင်း ဆိပ်ဖြူမြို့နယ်အတွင်းပိုင်းတွင်  ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း တပ်ခွဲ (၁)၊ (၂)၊ (၃)တို့ ပူးပေါင်း စစ်ဆေးရေးလုပ်ဆောင်နေစဉ် ဆုံဆည်းရာစားသောက်ဆိုင်ကနေ သောက်စားပြီး ပြန်လာသည့် (၄)ဦးကို ရပ်တန့်စစ်ဆေးရာက စစ်ဆေးမှုကို ကြည်ဖြူစွာ လက်မခံဘဲ ပြန်လည်ခုခံသည့်အတွက် PDF ဘက်က  သေနတ်ဖြင့် ပြန်လည် ပစ်ခတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်ကနေ သောက်စားမူးယစ်ပြီး ပြန်လာသူများမှာ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီး အောင်ကြည်ဆန်း နှင့် ကျန်းမာရေးဌာနမှ Non CDM (၃)ဦးတို့ဖြစ်ပြီး ကိုယ်ထိလက်ရောက် ပြန်လည်ခုခံသည့် တပ်ကြပ်ကြီးမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးတပ်ဖွဲ့ဖြစ်သည့်  ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်းတပ်ဖွဲ့များက ကျန်ရှိသည့် Non CDM (၃)ဦးကို စစ်ကောင်စီလက်အောက်တွင် ဆက်လက်မလုပ်ကြရန် ပြောဆို၍ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။