မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ အမေရိကန်ဗီဇာ သက်တမ်းတိုးခွင့်ပေး

မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ အမေရိကန်ဗီဇာ သက်တမ်းတိုးခွင့်ပေး
ဇန်နဝါရီ 27, 2025 | နိုင်ငံတကာသတင်း

အမေရိကန်နိုင်ငံတွင် ဗီဇာသက်တမ်းထပ်တိုးမည့် မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးခွင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

(၄၈)လအတွင်း သက်တမ်းကုန်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများတွင် လုပ်ကိုင်သူများကို  ခွင့်ပြုပေးထားသည့် (C1/D) ဗီဇာနှင့် ကျောင်းသားဗီဇာ(F 1) ကိုင်ဆောင်ထားသူများ မူလခွင့်ပြုထားသည့် ဗီဇာခေါင်းစဉ်အတိုင်း သက်တမ်းတိုးလိုသူများ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တစ်နှစ်အတွင်း သက်တမ်းကုန်ထားသည့် အလည်အပတ်ဗီဇာများဖြစ်သည့် (B1၊ B2၊ B1/B2 )ဗီဇာကို မူလခွင့်ပြုချက်အတိုင်း သက်တမ်းတိုးလိုသူများ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။