စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မ စုဆောင်းခံရသည့် စစ်ကောင်စီတပ်သားတစ်ဦး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် လက်နက်နှင့်တကွ KNDF တပ်ရင်းအမှတ် (၃၄)ထံ ခိုလှုံလာသည်ဟု သိရသည်။
အဆိုပါ တပ်သားတစ်ဦးမှာ လွိုင်ကော်မြို့ အခြေစိုက် ခလရ (၂၆၁)တပ်ရင်းမှ ဖြစ်ပြီး စစ်ဆင်ရေးအတွင်း ထွက်ပြေးရောက်ရှိလာကာ ၎င်းနှင့်အတူ MA-11 သေနတ် (၁)လက်၊ ခဲယမ်းမီးကျောက် အချို့အား ယူဆောင်လာသည်ဟု သိရသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်စစ်ခေါင်းဆောင်များ၏ လူတစ်စုအကျိုးအတွက် အကြမ်းဖက် ဖိနှိပ်သည့်လုပ်ရပ်များတွင် ထောက်တိုင်များအဖြစ်ရပ်တည်၍ ချေမှုန်းခံမည့်အစား အချိန်မှီ လက်နက်အပ်၍ ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ဘဝသစ်တွင် ရှင်သန်ကြရန် တိုက်တွန်းထားသည်။
#TachileikNewsAgency
#TNA_MAT
Photo: KNDF - Karenni Nationalities Defence Force