ကရင်ပြည် ဒေါနတောင်တန်းပေါ်ရှိ စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ရန် ကြိုးစားခဲ့သည့် နေရာတခုအား တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း Cobra Column တပ်ခွဲ - ( ၃ )ထံမှ သိရသည်။
ကရင်ပြည် ဒေါနတောင်တန်းပေါ်ရှိ စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ရန် ကြိုးစားခဲ့သည့် နေရာတခုအား တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၁၀ ) ရက်နေ့နှင့် ( ၁၁ ) ရက်နေ့တို့တွင် နယ်မြေရှင်းလင်းမှု ဆောင်ရွက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ဇန်နဝါရီလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်က ကတုတ်ကျင်းထဲတွင် သိုဝှက်ထားခဲ့ခြင်းဖြစ်သည်ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်-မြ၀တီ ( အာရှ ) လမ်းပိုင်းတွင် ဝိုင်းဝန်းပတ်ဆို့ထားပြီး တိုက်ခိုက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
မြ၀တီမြို့ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်၏ ဗျူဟာစခန်းနှင့် တပ်ရင်းတို့အား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် စစ်ကောင်စီတပ် ဒုခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “ အောင်ဇေယျ စစ်ဆင်ရေး” ကို ဧပြီလ ( ၉ ) ရက်နေ့ကစတင်ခဲ့ပြီး ၊ ( ၉ ) လကျော်ကြာသည်အထိ ဒေါနတောင်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပိတ်မိနေခြင်း ဖြစ်သည်။
Photo: Cobra Column တပ်ခွဲ - ( ၃ )