စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ကြောင်း Freedom Revolution Force ရွှေဘိုခရိုင် အမှတ် (၂၄) တပ်ရင်းထံမှ သိရသည်။
ဒီပဲယင်းမြို့ပေါ်တွင် အထိုင်ချ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးဗျ။ စစ်ကြောင်းထိုးတာတွေတော့ မရှိပါဘူးဗျ။”ဟု ရွှေဘိုခရိုင် အမှတ် (၂၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား Freedom Revolution Force ရွှေဘိုခရိုင် အမှတ် (၂၄)တပ်ရင်းနှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် (၄)နှင့် တိုက်နယ် (၅ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ရာ မြို့အား ရက်အနည်းငယ် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အင်အားအမြောက်အများဖြင့် စစ်ကူများ စေလွှတ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
#TachileikNewsAgency
#TNA_LE
Photo:Freedom Revolution Force (ပုံဟောင်း)