စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ(၃)ရက်က မိုင်းထွက်ရှာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မိုင်းနင်းမိကာ အများအပြားသေ၊ ဒဏ်ရာရ ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM က ယနေ့ ဇန်နဝါရီလ(၄)ရက်တွင် သတင်းထုတ်ပြန်လာသည်။
ချောင်းဦးဘက်မှ ဖေဖာ်ဝါရီလ(၃)ရက်၊ ညနေပိုင်းတွင် မိုင်းရှာထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား (၂၅)ဦးဝန်းကျင်အား ရေပိုးစားအကွေ့ တစ်နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်းတွင်လည်း မြောင်စခန်းမှ ခြေကျင် မိုင်းရှာထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားအင်အား (၅၀) ခန့်ကို မြောင်လမ်းခွဲအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ PDF တပ်ဖွဲဝင်တစ်ဦး ခြေထောက်တွင် မစိုးရိမ်ရသည့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM ၊ Black Eagle Defence Force – MMU နှင့် People Defence Force Myinmu-MMUPDF တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။