ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပေါင်း(၄,၀၈၂)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာလည်း (၃၉၃) ကြိမ်အထိရှိသည်ဟု သုတေသန အရပ်ဖက်အဖွဲ့အ စည်းတစ်ခုဖြစ်သော ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။
၂၀၂၄ခုနှစ်အတွင်း တိုက်ပွဲများသည် တစ်နေ့လျှင် (၁၁)ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလနှင့် မတ်လတို့တွင် ပိုမို မြင့်တက်ခဲ့ကာ စစ်ကိုင်း၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများအတွင် စစ်ကောင်စီတပ်ဘက်က (၇၈၄၈)ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က (၇၂၁)ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု သိရသည်။
၂၀၂၄ခုနှစ်သည့် စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုမှု အများဆုံးနှစ်ဖြစ်ခဲ့ပြီး နည်းအမျိုးမျိုးဖြင့်တိုက်ခိုက် သတ်ဖြတ်ခံရခြင်းကြောင့် အရပ်သား (၃၂၃၇)ဦးသေဆုံးပြီး (၃၉၃၅)ဦးဒဏ်ရာရကာ (၈၃၉၆)ဦးဖမ်းဆီးခံရသည်ဟု သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများထဲ တွင် (၅)ဦးအထက်သေဆုံးရမှုမှာ (၁၀၆)ကြိမ်အထိရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် (၁၃၀၃၂)နေအိမ်မှာ အဓမ္မပြောင်းရွေ့ခံရပြီး (၉၅၄၈၁)အိမ်မှာ မီးရှို့ဖျက်ဆီးခံရကာ ဘာသာရေးအ ဆောက်အဦး(၂၃၁)လုံးနှင့် စာသင်ကျောင်းပေါင်း(၂၂၀)လုံး ပျက်စီးသည်ဟု သိရသည်။
အဆိုပါစာရင်းတွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့အတွင်း နေအိမ်ဖျက်ဆီးခံရမှုအများဆုံးဖြစ်ကာ ရခိုင်ပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင်လည်း နေအိမ်ပျက်စီးမှု မြင့်တက်ခဲ့သည်ဟု သိရသည်။