ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျကာ သေဆုံးသွားသူ (၁၅)ဦးကို ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် မီးသင်္ဂြိုလ်သည်ဟု ဒေသခံများထံမှ သိရသည်။
နွံကန်ပေါက်ကျကာ မြေပိ၍သေဆုံးခဲ့ရသော လူကြီးနှင့် ကလေးများအတွက် ဆုတောင်းပွဲနှင့် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ စီစဉ်ကြပြီး ကျန်ရှိရုပ်အလောင်းများကိုလည်း ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
“ကယ်ဆယ်ရေးတွေ လုပ်နေကြတုန်းပါပဲ။ အပြင်လူကိုအဝင်မခံဘူး ပိတ်ထားတယ်။”ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယမန်နေ့က စပေါ့ကျေးရွာ နွံကန်ပေါက်၍ ပါသွားသော နေအိမ်မှာ (၅၇)လုံးအထိရှိသည်ဟုလည်း သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: မှော်မင်းသား